ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD အမတ်လောင်း ၁၁၃၀ကျော် ရွေးကောက်ပွဲ ဝင်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD အမတ်လောင်း ၁၁၃၀ကျော် ရွေးကောက်ပွဲ ဝင်ပြိုင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ‌‌ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် သူမ၏ မူလမဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမဲဆန္ဒနယ်တွင် ဝင်ရောက် အရွေးချယ်ခံမည်ဖြစ်သည်။

လက်ရှိနိုင်ငံတော်သမ္မတဦးဝင်းမြင့်သည်လည်း သူ၏ မူလမဲဆန္ဒနယ်ဖြစ်သည့် တာမွေမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ‌ဒေါက်တာဇော်မြင့်မောင်ကတော့ အမရပူရမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇူလိုင်လ ၂၃ရက် နေပြည်တော်ရှိ NLD ရုံးချုပ်တွင် သတင်းမီဒီယာအား ပြောဆိုခဲ့သည်။

“ဘွဲ့ရတဲ့သူတွေ ၈၀ ရာခိုင်နှုန်းပါတယ်။ ဒီတစ်ခေါက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အနစ်နာခံခဲ့သူတွေကို ဦးစားပေးရွေးချယ်ထားတယ်။ ထုသားပေသားခံခဲ့ရသူတွေကို ဦးစားပေးထားတယ်။ ဒါက အရင်အတွေ့အကြုံအရပဲ”

ဒေါက်တာဇော်မြင့်မောင်

လက်ရှိရွေးချယ်ထားသည့် အမတ်လောင်းစာရင်းတွင် လက်ရှိလွှတ်တော်အမတ်များ၏ ၈၀ရာခိုင်နှုန်းကျော် ပါဝင်သည်ဟုဆိုပါသည်။ ထို့အပြင် အမတ်လောင်း ၁၁၃၁ဦး၏ ၂၀ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

လက်ရှိ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာဝင်းမြတ်အေး၊ ဦးသန့်ဇင်မောင်၊ ဦးအုန်းဝင်း၊ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်တချို့ ဝင်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး ပါဝင်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၆၂ နေရာ ပြည်သူ့လွှတ်တော်တွင် ၃၁၉ နေရာ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်တွင် ၆၂၂ နေရာ၊ တိုင်းရင်းသားလူမျိုး ၂၉ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရွှေရည်မဉ္ဇူ – ရေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *