June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

ဒီမိုကရေစီအတွက် မဲပေးကြပါ

သူတို့တွေ၊ ကျွန်တော်တို့တွေ ဘာကြောင့် ဆန္ဒမဲပေးဖို့

စိတ်မဝင်စားတော့တာလဲ ဆိုတဲ့အချက်က စဉ်းစားစရာဖြစ်လာပါတယ်။

ဆန္ဒမဲဖြင့် ရွေးချယ်ပေးလိုက်တဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေဟာ

တိုင်းပြည်အတွက်လည်းအကျိုးမပြု၊

ပြည်သူအများစုအတွက်လည်း အကျိုးမပြုဆိုတဲ့အခြေအနေတွေကြောင့်

မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲပေးမှုက လျော့ကျသွားတာဖြစ်နိုင်ပါတယ်။

“မင်း..ဆယ့်ရှစ်နှစ်ပြည့်ပြီလား”ဆိုတဲ့ သီချင်းသံတွေ မကြာခင် စီစီညံအောင်ကြားရပါတော့မယ်။ ရွေးကောက်ပွဲအတွက် ဆန္ဒမဲထည့်ဖို့ နှိုးဆော်တဲ့သီချင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ အထွေထွေရွေး ကောက်ပွဲတုန်းကတော့ နိုင်ငံကျော်အဆိုတော်ကိုင်ဇာက ဦးဆောင်သီဆိုပါတယ်။ ခေတ်တွေပြောင်း လာတော့ဒီတစ်ခါ ဘယ်သူတွေ သီဆိုပြီး ဘယ်လိုသံစဉ်တွေကိုကြားရဦးမလဲဆိုတာတော့ စောင့်ကြည့်ကြရမှာပေါ့။

တကယ်တော့ ကျွန်တော်တို့အတွက် အမှန်တကယ်ဒီမိုကရေစီကို လိုအပ်တယ်၊ လိုချင်တယ် ဆိုရင် တော့ ကျွန်တော်တို့အားလုံးဒီမိုကရေစီအတွက် ဆန္ဒမဲပေးရပါလိမ့်မယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ဥပဒေတွေ၊ နည်းဥပဒေတွေအရတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူဟာ ရွေးကောက်ပွဲ စတင် ကျင်းပတဲ့နေ့မှာအသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့မဆန့်ကျင်တဲ့နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ သက်ဆိုင်ရာမဲ ဆန္ဒနယ်ရဲ့ မဲစာရင်းမှာ ပါဝင်သူဖြစ်ဖို့လိုပါတယ်။

ဒါကြောင့်မို့ အဲဒီကော်မရှင်က ဆန္ဒမဲပေးခွင့်ရှိသူတွေရဲ့စာရင်းတွေကို ကြေညာတာနဲ့၊ မြို့နယ်ရပ်ကွက် ရုံးတွေမှာ ထုတ်ပြန်တာနဲ့ ကိုယ့်နာမည်ပါမပါကို အပူတပြင်း ရှာဖွေကြည့်ဖို့လိုအပ်ပါတယ်။ မြန်မာ နိုင်ငံမှာ ဖြစ်လေ့ရှိတဲ့အတိုင်းသေဆုံးသွားတဲ့ အဘိုး၊ အဘွားတွေရဲ့နာမည်တွေ ပါနေသလား၊ ကိုယ့်နာ မည်ပါသလား၊ ကိုယ့်မိသားစုထဲက မဲပေးခွင့်ရှိတဲ့သူတွေ ကျန်ခဲ့သလား စသည်ဖြင့် သေချာစိစစ်ကြည့် ရှုဖို့ လိုအပ်ပါတယ်။ တစ်စုံတစ်ခုအမှားအယွင်းပေါ်လာရင်၊ ပြည့်စုံမှုမရှိရင် နီးစပ်ရာကော်မရှင်ရုံးကိုချက်ချင်းအကြောင်းကြား၊ ဖြေရှင်းပေးဖို့တောင်းဆိုကြပါလို့ တိုက်တွန်းအပ်ပါတယ်။ ယခုလထဲမှာ မြန် မာတစ်ပြည်လုံးရဲ့ မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

အားလုံးသတိကြီး ကြီးဖြင့် စောင့်မျှော်ကြည့်ရှုကြဖို့ ထပ်မံနှိုးဆော်အပ်ပါတယ်။ ဘာကြောင့် အခုလို အထပ်ထပ်သတိပေး နှိုးဆော်နေရလဲဆိုရင် အကြောင်းရှိပါတယ်။
တစ်ကမ္ဘာလုံးက ဒီမိုကရေစီကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တော့ ရွေးကောက်ပွဲတွေလုပ်တဲ့အခါတိုင်း ဆန္ဒမဲပေးတဲ့ အရေအတွက်တွေဟာ တစ်ကြိမ်ပြီး တစ်ကြိမ် ဆုတ်ယုတ်သွားတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြီးဆုံးသွားတဲ့ ဗြိတိန်နိုင်ငံ ရဲ့ရွေးကောက်ပွဲမှာဆိုရင် အရွယ်ရောက်ပြီး ဆန္ဒမဲပေးခွင့်ရှိတဲ့ လူငယ်တွေရဲ့ဆန္ဒမဲပေးမှုဟာ ၄၅ ရာခိုင်နှုန်းသာရှိတော့တဲ့အကြောင်း သတင်းတွေမှာ ဖတ်ရပါတယ်။ ဒါဟာ ဒီမိုကရေစီအတွက်တော့ ဆုတ်ကပ်ပါပဲ။

ဆိုတော့ သူတို့တွေ၊ ကျွန်တော်တို့တွေ ဘာကြောင့်ဆန္ဒမဲပေးဖို့ စိတ်မဝင်စားတော့တာလဲ ဆိုတဲ့အ ချက်က စဉ်းစားစရာဖြစ်လာပါတယ်။ ဆန္ဒမဲဖြင့် ရွေးချယ်ပေးလိုက်တဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေဟာ တိုင်းပြည်အတွက်လည်းအကျိုးမပြု၊ ပြည်သူအများစုအတွက်လည်းအကျိုးမပြု ဆိုတဲ့အခြေအနေတွေ ကြောင့် မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲပေးမှုက လျော့ကျသွားတာဖြစ်နိုင်ပါတယ်။

ပြည်သူတွေဟာ သူတို့ရပ်ကွက်ထဲက ဗွက်ထနေတဲ့ လမ်းတွေကောင်းဖို့၊ အမှိုက်ပိတ်နေတဲ့ ရေမြောင်း တွေကို ပြန်ဖော်ပေးဖို့၊ အားကစားကွင်းတွေ ကောင်းမွန်ဖို့၊ လျှပ်စစ်မီးတွေ ၂၄နာရီရဖို့၊ အလုပ်အကိုင် တွေရဖို့၊ကုန်ဈေးနှုန်းတွေတည်ငြိမ်ဖို့၊ ကောင်းမွန်တဲ့ပညာရေးစနစ် စသည်ဖြင့်သော သူတို့မျှော်လင့် သမျှကို လုပ်ကိုင်ဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးခဲ့ကြတာပါ။ ကျန်းမာရေးအ တွက် တာဝန်ယူပေးမယ့်သူတွေကို သူတို့က ရွေးချယ်ပေးခဲ့ကြတာပါ။

ဒါပေသိ သူတို့ရွေးချယ်ပေးခဲ့သော ကိုယ်စားလှယ်များဟာ ၄င်းဝန်တာများကို မကျေပွန်တဲ့အခါ နောက်တစ်ကြိမ် ထပ်မံရွေးချယ်ပေးဖို့အတွက် စိတ်မပါတော့တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်တော်များကလည်း ပြည်သူ့ဝန်ကို စိတ်ရင်းစေတနာအမှန်ဖြင့်ထမ်းဆောင်ဖို့လိုပါတယ်။

မြန်မာပြည်ထဲမှာကျင်းပဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို လေ့လာရကြည့်ရအောင်။ နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့ဟာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရေးကော်မ ရှင်ဥပဒေကို ၁၉၈၈ခုနှစ် စက်တင်ဘာ၂၁ရက်မှာ ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၁၉၉ဝ ပြည့်နှစ် မေ ၂၇ရက်မှာ ကျင်းပပေးခဲ့တယ်။ နိုင်ငံရေးပါတီ ၉၃ပါတီမှာ ကိုယ်စားလှယ်လောင်း ၂၂ဝ၉ ဦးနဲ့ တစ်သီးပုဂ္ဂလ ၈၇ဦးတို့ဝင်ပြိုင် ခဲ့ပါတယ်။

ထိုအချိန်က မြန် မာနိုင် ငံရဲ့ လူဦးရေဟာ လူဦးရေ ၄၅သန်းကျော် ရှိခဲ့ပါတယ်။ဆန္ဒမဲ ပေးပိုင်ခွင့် ရှိတဲ့သူပေါင်းက သန်း ၂ဝ ကျော်(၂ဝ၈၁၈၃၁၃ဦး) ရှိပါ တယ်။၄င်းတို့အနက် ၁၅ သန်းကျော်(၁၅၁၁၂၅၈၄ ဦး) သာ ဆန္ဒမဲပေး ကြပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၇၂ ဒသမ ၅၉ ရာခိုင်နှုန်းသာ ရှိပါတယ်။
၄င်းဆန္ဒမဲများဖြင့် နိုင်ငံရေးပါတီ ၂၇ ပါတီမှ ကိုယ်စားလှယ် ၄၇၉ ဦးနဲ့ တစ်သီးပုဂ္ဂလခြောက်ဦးတို့ ရွေး ချယ်တင်မြှောက်ခံခဲ့ရပါတယ်။ဒါပေသိ အများသိထားပြီးဖြစ်တဲ့အတိုင်း အမတ်နေရာ အများဆုံးရရှိခဲ့ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲဘဲ ဖွဲ့စည်းပုံရေးဆွဲရန်အတွက် အမျိုးသားညီလာခံ ဖိတ်ခေါ်ခြင်းဖြင့် ပြည်သူများရဲ့ ဆန္ဒမဲများကအ ချည်းနှီး ဖြစ်ခဲ့ရပါ တယ်။

ဒါကြောင့်လည်း မြန်မာပြည်သူတွေဟာ ရွေးကောက် ပွဲကို သဘောမတွေ့ခဲ့ကြပါဘူး။ စစ် အာဏာရှင် အစိုးရက စိတ်ကောင်းစေတနာရှိမှသာ သူတို့ဆန္ဒတွေက အရာထင်လာမှာမို့ ၄င်းတို့ကို မျက်ကွယ်ပြုပြီး ကိုယ့်စီးပွားကိုသာ အလေးထားပြီး တိုင်းရေးပြည်ရာကို ဘယ်သူအစိုးရဖွဲ့ဖွဲ့ကိုယ်နဲ့မဆိုင်သလို နေတတ်လာခဲ့ကြပါတယ်။ထိုမှတစ်ဆင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာတဲ့အခါမှာတော့ ကမ္ဘာ့နိုင်ငံရေး စာမျက်နှာမှာ အာဏာရှင်တွေဟာတဖြုတ်ဖြုတ်ပြုတ်ကျနေကြတာကို မြန်မာစစ်ခေါင်းဆောင်ကြီးများ လည်း သတိမူမိလာပါတယ်။

၂ဝဝ၃ခုနှစ်သြဂုတ်၃ဝရက်မှာ နိုင်ငံတော်ရှေ့ဆက်သွားမယ့်မူဝါဒလမ်းစဉ်ခုနစ်ရပ်ကို ကြေညာပါ တယ်။ အမျိုးသားညီလာခံမှတစ် ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတစ်ရပ် ပေါ်ထွက်လာ ပါတယ်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး မြန်မာပြည်ကို ဝင်ရောက်လာချိန် ၂ဝဝ၈ခုနှစ် မေလထဲမှာ တော့၄င်းဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအတည်ပြုရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။

ဆန္ဒမဲပေးခွင့်ရှိသူ၂၇သန်းကျော် (၂၇၂၈၈၈၂၇ ဦး)ရှိခဲ့တဲ့အနက် ၂၆ သန်းကျော် (၂၆၇၇၆၆၇၅ ဦး)မဲ ပေးခဲ့ကြပြီး ၄င်းမဲပေးသူများအနက်မှ ၂၄သန်းကျော် (၂၄၇၆၄၁၂၄ ဦး)၊ ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၄၈ရာခိုင်နှုန်းက ထောက်ခံခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့မှတ်တမ်းများက ဆိုပါတယ်။ ထိုသို့ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ပါတယ်ဆိုတဲ့ အဆိုပါ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာ နိုင်ငံရေးကိုစိတ်ပါဝင်စားသူတိုင်း အလိုမရှိတဲ့၊ ပြင်ဆင်စရာတွေများတဲ့၊ ကမ္ဘာ့အပြင်ရအခက်ဆုံးလို့ တင်စားတဲ့အရာကြီးဖြစ်လို့ နေပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒမဲများကို အလွဲသုံးစားပြုခဲ့တာလားလို့ တောင် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ထားတော့။ ဖြစ်ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ။

၄င်းဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အကြောင်းပြုပြီး ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်မှာတော့ ပါတီစုံအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။ မှတ်ပုံတင် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၄၇ ခုရှိခဲ့ပေမယ့် ၃၇ ပါတီသာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီ ၂၂ ခုမှကိုယ်စားလှယ် ၁၁၄၈ဦးနှင့်တစ်သီးပုဂ္ဂလခြောက်ဦးလွှတ်တော်ကိုယ်စားလှယ်များအ ဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ မဲပေးခွင့်ရှိသူ၂၉သန်းကျော်(၂၉ဝ၂၁၆ဝ၈ ဦး)ရှိတဲ့အနက် ၂၂သန်းကျော် (၂၂၄၂၁၁၂၃ ဦး)၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ဒသမ ၂၆ရာခိုင်နှုန်း မဲပေးခဲ့တယ်လို့ဆိုပါတယ်။

ဒါပေသိ ထိုသို့မဲပေးရာမှာ မဲမသမာမှုများ၊ ကြိုတင်မဲများကြောင့် ပြည်တွင်းပြည်ပလေ့လာသုံးသပ်သူ များကတော့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ သေဆုံးပြီးသူများမဲစာရင်းမှာ ပါဝင်နေခြင်း၊ အ သက်ရှင်ပြီးအရွယ်ရောက်ပြီးသူများ မဲစာရင်းမှာ မပါဝင်ခြင်းများကိုလည်း ပြည်သူအားလုံး ကြုံတွေ့ခဲ့ရ ပါတယ်။ တချို့ကလည်း နှစ်ပေါင်း၂ဝ ကျော်ကြာအောင် ရွေးကောက်ပွဲနဲ့ ဝေးကွာခဲ့ရတဲ့အတွက် ထိုသို့မမှားသင့်တဲ့ အမှားများကြုံတွေ့ရတာလို့ဆိုကာ ဖြေသိမ့်ပေးခဲ့ရပါတယ်။

၂ဝ၁၂ခုနှစ် ဧပြီ ၁ရက်မှာတော့ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ် ၄၅နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၇ခုမှ ကိုယ်စားလှယ်လောင်း ၁၆၁ဦးနဲ့ တစ်သီးပုဂ္ဂလ ခုနစ်ဦးတို့ ဝင်အရွေးခံခဲ့ကြပါတယ်။ ဒီတစ်ခါတော့ ပြည်သူတွေဟာ ၂ဝ၁ဝပြည့်နှစ်တုန်းကလိုမဟုတ် တော့ဘဲ ရွေးကောက်ပွဲကိုပိုမိုစိတ်ဝင်စားလာဟန်ရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်မဲပေးခွင့်ရှိပြီး ဘယ် လောက်က မဲလာရောက်ထည့်သလဲဆိုတဲ့အချက်အလက်များတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာမတွေ့ရပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ၄၃ နေရာ၊ ပြည် ခိုင်ဖြိုးပါတီမှ တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ တစ်နေရာတို့ဖြင့် အသီးသီးလွှတ် တော်တွင်းသို့ ရောက်ရှိသွားပါတယ်။

ဒီနှစ်ထဲမှာတော့ မြန်မာပြည်သူများအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကြီး ပေါ်ပေါက်လာ ဖွယ်ရှိနေပါတယ်။ ၂ဝ၁ဝ တုန်းကလို သတိလက်လွတ်မနေမိကြဖို့ လိုပါပြီ။ ဒီရွေးကောက်ပွဲကြီးကိုလွတ်လပ်ပြီးတရားမျှတဖို့အတွက်လည်း ပြည်တွင်းပြည်ပလေ့လာစောင့်ကြည့်သူများက အလိုရှိနေကြ ပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ သတင်းမီဒီယာ၊ ရွေး ကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်း စသည်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပါ လာမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့ စီမံဆောင်ရွက်နေကြပါပြီ။

ပြည်သူများအဖို့တော့ စိတ်အေးလက်အေးနဲ့ပဲ ကိုယ့်အတွက်၊ တိုင်းပြည်အတွက် ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရှာဖွေထားပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက၊ ၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲတုန်းက ကိုယ်ရွေးချယ်ပေးခဲ့တဲ့ ကိုယ်စားလှယ်တွေက ကိုယ့်အတွက်၊ကိုယ့်ရပ်ကွက်အ တွက်၊ ကိုယ့်မြို့နယ်အတွက်၊ ကိုယ့်တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိခဲ့သလဲဆိုတာ သုံးသပ် ကြပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ထိုသူများလည်း ပြန်လည်ဝင်ရောက် အရွေးချယ်ခံဖွယ်ရှိနေ ပါတယ်။

အလုပ်မဖြစ်တဲ့ ကိုယ်စားလှယ်များကို ထပ်မရွေးမိကြပါစေနဲ့လို့ သတိပေးချင်ပါတယ်။ ပြည်သူများကြုံ တွေ့နေရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို အမြီးနီး အမြီး၊ ခေါင်းနီး ခေါင်း၊ ဖြေရှင်းပေး မယ့်၊ ဖြေရှင်းပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရှာဖွေရွေးချယ်ကြပါ။ အမြီးကျက် အမြီးစား၊ ခေါင်း ကျက်ခေါင်းစား ကိုယ်စားလှယ်များကို မရွေးချယ်မိကြဖို့ အထူးဂရုစိုက်ကြပါ။

နောက်ဆုံးအနေနဲ့ တစ်ခုလောက် ပြောပါရစေ။

ရွေးကောက်ပွဲနေ့ရောက်ရင် မဲရုံတွေကို နံနက် ၆နာရီမှ ညနေ ၄နာရီအထိ ဖွင့်ထားမှာပါ။ မဲဆန္ဒ ရှင်တွေအားလုံးမဲပေးပြီးသွားရင် ညနေ ၄နာရီထက်လည်း စောပြီး မဲရုံပိတ်နိုင်ပါတယ်။ ညနေ ၄ နာရီ တိတိအချိန်မှာမဲရုံပိတ်မယ်ဆိုပေမယ့် အဲဒီအချိန်အတွင်း မဲရုံပရိဝုဏ်ထဲမှာ ရောက်နေပြီး မဲမပေးရ သေးရင် ၄နာရီကျော်သွားလည်း မဲပေးခွင့်ရှိပါတယ်။ ကိုယ့်ဆန္ဒမဲကို ကိုယ့်လက်နဲ့ကိုယ်တိုင်ကိုယ်ကျ မဲပုံးထဲထည့်ရမှာပါ။ ကိုယ်စားလှယ်ထည့်လို့မရပါဘူး။ ဒီမိုကရေစီအတွက် တာဝန်ကျေကျေဖြင့် မဲပေး ကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ။

မောင်သာစည် – ရေးသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ရေးသားခဲ့တဲ့ အတွေးအမြင်ဆောင်းပါးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *