June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

၂၀၂၀ပြည့် ရွေးကောက်ပွဲရလဒ်များ

Photo:Reuters

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဟု ဆိုရပါမည်။ မဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲ မဲရလဒ်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာလ ၉ရက် မွန်းလွဲပိုင်းမှစတင်ကာ အတည်ပြုနိုင်သမျှကို ထုတ်ပြန်ပေးနေပါပြီ။

ပြည်တွင်းသတင်းမီယာများ၏ ဖော်ပြချက်တွေအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် ပြည်ထောင်စုလွှတ်တော်အတွင်း အမတ်နေရာ ၃၉၀ အထက် ရရှိနေပြီဖြစ်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုဖြင့် NLD၏ အစိုးရအဖွဲ့ကို ၂၀၂၀ပြည့်နှစ်မှသည် ၂၀၂၅ခုနှစ်အထိ မြင်တွေ့ရမည့်အလားအလာရှိပါသည်။

လက်ရှိNLD ပါတီက ထုတ်ပြန်ထားသည့် မဲရလဒ်များကို အောက်ပုံ ရှုကြည့်နိုင်ပါတယ်။

ယခုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲရလဒ်များနှိုင်းယှဥ်ပါက ပိုမိုအနိုင်ရရှိခဲ့ကြောင်း ပါတီတာဝန်ရှိသူတွေက ဆိုကြပါသည်။

သတင်းမီဒီယာဖော်ပြချက်များကို အောက်တွင်လေ့လာနိုင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိအချိန်ထိ ထုတ်ပြန်ချက်များအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရရှိထားပြီဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးသည်လည်း ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်တွင် အနိုင်ရရှိထားပြီဖြစ်ပါသည်။

ထို့ပြင် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းသည်လည်း မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)မှ အနိုင်ရရှိထားပါသည်။

၂၀၂၀ အထွေထွေကောက်ပွဲ၏ တရားဝင်ဆန္ဒမဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အညွန်း

  • NLD – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
  • USDP – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
  • SNLD – ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
  • ANP – ရခိုင်အမျိုးသားပါတီ
  • PNO – ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
  • TNP – တအာင်း(ပလောင်)အမျိုးသားပါတီ
  • MUP – မွန်ညီညွတ်ရေးပါတီ
  • KySDP – ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ
  • AFP – ရခိုင့်ဦးဆောင်ပါတီ
  • WNP – ဝ အမျိုးသားပါတီ
  • KSPP – ကချင်ပြည်နယ်ပြည်သူ့ပါတီ
  • KSPP – ကချင်ပြည်နယ်ပြည်သူ့ပါတီ
  • CNLD – ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
  • SNDP – ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
  • ZCD – ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
  • KPP – ကရင်ပြည်သူ့ပါတီ
  • KSDP – ဒီမိုကရေစီပါတီသစ်(ကချင်)

Leave a Reply

Your email address will not be published. Required fields are marked *