June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

၂၀၂၀ ရွေးကောက်ပွဲနှင့် မှတ်သားစရာ အချက်အလက်များ

နိုဝင်ဘာ (၈)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးခဲ့ပါပြီ။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ ခုမှာ မဲရုံပေါင်း လေးသောင်းနီးပါးနဲ့ ကျင်းပခဲ့တဲ့ အဆိုပါ ရွေးကောက်ပွဲမှာ နိုင်ငံပေါင်းပါတီ ၈၇ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်ပေါင်း ၅၆၀၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ် (၁၅)မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၈၀ ကျော်ရှိခဲ့ပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတို့မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ မဲဆန္ဒနယ် အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က ဒုတိယအများဆုံးအနိုင်ရရှိခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နဲ့ ရခိုင်အမျိုးသားပါတီ(ANP)တို့ကတော့ တတိယနဲ့ စတုတ္ထထ အနိုင်ရရှိမှုအများဆုံးဖြစ်ကြပါတယ်။

လာမယ့် ၂၀၂၁ မှ ၂၀၂၅ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ လွှတ်တော်သီးသီးမှာ အမျိုးသမီးအမတ်တွေကိုတော့ ယခင်ထက်ပိုမိုမြင်တွေ့ရဖို့ရှိနေပါတယ်။ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အသီးသီးမှ အနိုင်ရရှိခဲ့တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၀၀နီးပါးရှိလာခဲ့ပါတယ်။

အောက်ပါ အင်ဖိုဂရပ်ဖစ်မှာ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအပြင် အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီ ၁၉ခုရဲ့ မူဝါဒ၊ ဖွဲ့စည်းပုံနဲ့ ဦးဆောင်သူတွေအကြောင်းကိုလည်း လေ့လာနိုင်ဖို့အတွက် ချိတ်ဆက်ပေးထားပါတယ်။

အချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်စပ်အဖွဲ့အစည်းများများ ရယူထားပါတယ်။

နှင်းကို – စုစည်းသည်။

Leave a Reply

Your email address will not be published. Required fields are marked *