
BNI-Myanmar Peace Monitor -2020 Ongoing Dashboard
၂၇ရက် နိုဝင်ဘာ ၂၀၂၀
Burma News International (BNI) – Myanmar Peace Monitor ရဲ့ 2020 Ongoing Dashboard ကူးယူဖော်ပြထားခြင်းဖြစ်သည်။
BNI – MPM တွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၁၃ခုနှစ်ကတည်းက စတင်စောင့်ကြည့်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှ တိုက်ပွဲများ၊ စစ်ဘေးဒုက္ခသည်များ၊ ထိခိုက်ဒဏ်ရာရရှိသွားသူများ၊ အသက်သေဆုံးရသူများနှင့် ငြိမ်းချမ်းရေးနှင့် ဆက်စပ်သော ကိန်းဂဏာန်းများ လေ့လာနိုင်ပါသည်။
၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၁ရက်မှ နိုဝင်ဘာ ၂၆ရက်အထိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း ၁၅၀ကျော်အထိ ရှိလာခဲ့ပါပြီ။
တိုက်ပွဲဖြစ်ပွားရဒေသများအတွင်း အရပ်သားသေဆုံးမှုက ၃၅၀ နီးပါးရှိပြီး ထိခိုက်ဒဏ်ရာရရှိမှုပေါင်း ၆၆၀ကျော်အထိ ရှိနေသည်ကို တွေ့ရပါသည်။ ထို့ပြင် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖမ်းဆီးခံရသူပေါင်း ၂၅၀ ကျော်အထိ ရှိနေပါသည်။ ဖမ်းဆီးခံရသလား၊ သေဆုံးသွားသလားဆိုပြီး အတည်မပြုနိုင်ဘဲ ပျောက်ဆုံးနေသည့် အရပ်သားပြည်သူတွေ၏ ကိန်းဂဏန်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
သိန်းနှင့်ချီသည့် စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူများ၏ ကိန်းဂဏန်းများကိုလည်း လေ့လာနိုင်ပါသည်။
တရားဝင်ရော အလွတ်သဘောရော ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုကိန်းဂဏန်းကတော့ ၂၀၂၀ပြည့်နှစ်အတွင်း ရက် ၇၀နီးပါးရှိခဲ့သည်ကို တွေ့ရပါသည်။
Dashboard By Hninn Ko ( BNI – Myanmar Peace Monitor )