June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ထောက်ပံ့ငွေကိစ္စ တိုင်စာပေါင်း ၉၈၀၀၀ကျော်အထိ ရှိနေ

ရွှေရည်မဥ္ဇူ – ရေးသည်။

၅ရက် ဒီဇင်ဘာ ၂၀၂၀။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ခဲ့ခြင်းနှင့် ပတ်သက်ပြီး မြို့နယ်အဆင့်တိုင်ကြားစာ ဖြေရှင်းရေးဌာနများ ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ တစ်ရက်နေ့အထိ တိုင်စာပေါင်း ၉၈၄၆၇ စောင် ရရှိခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သူ့ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူလူထုနှင့် ရပ်/ ကျေးအုပ်ချုပ်ရေး အဖွဲ့အစည်းများ အကြား သတင်းပြည့်စုံစွာ မရရှိခြင်းနှင့် အခြားအကြောင်းအရင်းများကြောင့် နားလည်မှုလွဲမှားကာ အငြင်းပွားမှုများရှိခဲ့ကြောင်း ၎င်းက ဆိုပါသည်။

အဆိုပါတိုင်ကြားစာများကို ရပ်/ ကျေးအဆင့်မှာ ဌာနဆိုင်ရာများနဲ့အတူ ရပ်မိရပ်ဖများပါဝင်ပြီး ပြန်လည်စိစစ် ဆောင်ရွက်နေပြီး မကြာခင်အချိန်အတွင်း စိစစ်တွေ့ရှိချက်များအား တင်ပြသွားမည့်အကြောင်းလည်း ဝန်ကြီးက ရေးသားထားသည်။

ထို့ပြင် ၎င်းက သူ၏ ဖေ့စ်ဘွတ်ခ်မှတဆင့် ပြည်သူများ၏ အကြံပြုချက်များအား တောင်းခံခဲ့ရာ တူညီသော အကြံပြုချက်အများစုကို ယခုလို တင်ပြထားသည်။

တူညီတဲ့အကြံပြုချက်အများစုကတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားခြင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ရပ်/ကျေးနည်းဥပဒေ ပြင်ဆင်ပြဌာန်းရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ထွေ/အုပ် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာမှာ အမှန်တကယ်ပြုပြင်ပြောင်းလဲဖို့ လိုအပ် နေတဲ့ကိစ္စရပ်တွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအတွက် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ရေးဆိုင်ရာကိစ္စရပ်တွေ ဖြစ်ပါတယ်။

ထို့ပြင် ၂၀၂၀ ပြည့် နိုဝင်ဘာ ၂၃ရက်နေ့အထိ လက်ခံရရှိခဲ့သည့် တိုင်ကြားစာပေါင်း ( ၃၇၅၇၅ ) စောင်အနက် တိုင်ကြားစာ ( ၃၄၉၇၈ ) စောင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ တိုင်ကြာစာများဖြစ်သည့်အတွက် တိုင်ကြားမှု၏ ၉၃ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *