
၂၇ ဒီဇင်ဘာ ၂၀၂၀ ။
သစ်တောဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ တောဆင် ၁၃ ကောင်သေဆုံးခဲ့တဲ့အနက် ရှစ်ကောင်မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ပြီး ငါးကောင်မှာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၁၀ မှ ၂၀၂၀ အထိ ဆယ်စုနှစ်တစ်ခုအတွင်း တောဆင် သေဆုံး၊ သတ်ဖြတ် ခံရမှု စုစုပေါင်း ၂၄၅ ကောင်ရှိခဲ့ပြီး ယင်းအနက် ၁၃၁ ကောင်မှာ သတ်ဖြတ်ခံရခြင်းဖြစ်ကာ ၁၁၄ကောင်မှာ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးခြင်းဖြစ်သည်။
အောက်ဖော်ပြပါအင်ဖိုဂရပ်ဖစ်တွင် အချက်အလက်ကိန်းဂဏန်းများကို လေ့လာနိုင်ပါတယ်။