June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

သတင်းစာဆရာဟူသည်​…

၃၁ ဇန်နဝါရီ ၂၀၂၁ခုနှစ် ။

ဒီ​နေ့မြန်​မာနိုင်​ငံဟာ နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ စစ်​​ရေး၊ ပဋိပက္ခ​တွေနဲ့ လူမှု​ရေးအ​ပြောင်းအလဲ​တွေနဲ့ ရှုပ်​​ထွေး​နေပါတယ်​။ ဒီအ​ခြေအ​နေဟာ သတင်းသမား​တွေအတွက်​​တော့ စိတ်​လှုပ်​ရှားစရာပါပဲ။

သတင်းစာဆရာ​တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်​လို လူ့အဖွဲ့အစည်း​တွေအတွက်​မဆို အ​ရေးကြီးပါတယ်​။ လူထု​နေနဲ့ သိဖို့လိုအပ်​တဲ့ အဖြစ်​အပျက်​အ​​ပြောင်းအလဲ​တွေကို သိရှိနားလည်​ပြီး ဆုံးဖြတ်​လုပ်​ကိုင်​နိုင်​ဖို့ သတင်းအချက်​အလက်​​တွေ​ ပေးဖို့ပါပဲ။

သတင်းစာဆရာ​ကောင်း​တွေရဲ့ အ​ခြေခံတာဝန်​က​တော့ အတူတူပါပဲ။ သတင်းစာဆရာရဲ့ အလုပ်​က သတင်းယူဖို့ပါပဲ။ ဒါ​ပေမယ့် သတင်းရယူထုတ်​လုပ်ခြင်း​အပြင်​ ကျင့်ဝတ်​ကို လိုက်​နာရပါမယ်။ သတင်းစားသုံးသူသာလျှင်​ အ​ရေးအကြီးဆုံးဖြစ်​ပြီး သတင်းရင်းမြစ်​​တွေ၊ အစိုးရအရာရှိကြီး​တွေ အလိုကျ ​ရေးဖို့ မဟုတ်​ပါဘူး။

သတင်းစာဆရာ​တွေဟာ သတင်းအချက်​အလက်​​တွေထဲမှာ ကိုယ်​ပိုင်​အမြင်​​တွေ၊ ခံစားချက်​​တွေထည့်မ​ရေးရပါဘူး။ သတင်းဆိုတာ လူအများစုအတွက်​ အ​ရေးကြီးတဲ့၊ သူတို့စိတ်​ဝင်​စားတဲ့ အ​ကြောင်းအရာ အချက်​အလက်​​တွေ ဖြစ်​ပါတယ်​။

ဒါဟာ နိစ္စဓူဝဖြစ်​ပျက်​​နေတာမျိုးနဲ့ ကွာပါတယ်​။ သတင်းဆိုတာ ဖြစ်​ပျက်​​နေကျမျိုး မဟုတ်​ပါဘူး။ မိုးရာသီမှာ မိုးရွာတာက သတင်းမဟုတ်​ပါဘူး။ သတင်းနဲ့ ပတ်​သတ်​ပြီး ထင်​ရှားတဲ့ အဓိပ္ပါယ်​က​တော့ “​ခွေးက လူကို ကိုက်​တာ သတင်းမဟုတ်​ဘူး။ လူက​ခွေးကို ကိုက်​ရင်​ ဒါ သတင်းပဲ” လို့ ဆိုထားပါတယ်​။

လူအများကြီးအ​ပေါ် သက်​​ရောက်​မှုရှိတဲ့ အ​ကြောင်းကိစ္စတစ်​ခုဟာလည်း သတင်းပါပဲ။
အဲဒီအဖြစ်​အပျက်​​တွေဟာ လူထုအ​ပေါ် ဘယ်​လိုသက်​​ရောက်​လဲဆိုတာကို သတင်းစားသုံးသူ​တွေထံ ​ပေးဖို့ရမှာပါ။ ဘတ်​ဂျက်​ဘယ်​​လောက်​ရတယ်​ဆိုတာထက်​ အဲဒီဘက်​ဂျက်​က လူထုအ​ပေါ် ဘယ်​လိုသက်​​ရောက်​​နေလဲဆိုတာကို ထုတ်​လုပ်​ရမှာပါ။

ကိုယ်​လိုက်​တဲ့ သတင်းအ​ကြောင်းအရာနဲ့ ပတ်​သတ်​လို့ ကိုယ်​တိုင်​ အတတ်​နိုင်​ဆုံး ဖြည့်ဆည်းရမှာပါ။ သတင်းစာဆရာ​တွေဟာ သတင်းကို ဘယ်​အချိန်​မှာ တင်​​ပေးရမယ်​ဆိုတဲ့ သတ်​မှတ်​ချိန်​ရှိထား​တော့ ​ကောလဟလ​တွေကို ကိုင်​တွယ်​ရ အ​တော်​ခက်​ပါတယ်​။

နိုင်​ငံ​ရေးသမား​တွေနဲ့ အချို့လူ​တွေဟာ သူတို့အကျိုးအတွက်​ သတင်းစာဆရာ​တွေကို ခုတုံးလုပ်​ပြီး သူတို့ပြိုင်​ဖက်​​တွေကို လူဆိုး​တွေလို့ အများက ထင်​သွား​အောင်​ လုပ်​တတ်​ကြတယ်​။ ​ကောလဟလ​ အ​ပြောခံရသူနဲ့ ​တွေ့​မေးပါ။ ​ကောလဟလ မှန်​ကန်​​ကြောင်း ကိုယ်​တိုင်​သက်​​သေ မပြနိုင်​ရင်​ လုံးဝမ​ဖော်​ပြပါနဲ့။

ကိုယ်​​ပေးလိုက်​တဲ့ အချက်​အလက်​အ​ပေါ်အ​ခြေခံပြီး သတင်းစားသုံးသူ​တွေက သူတို့ဘာသာသူတို့ ​တွေးကြည့်​စေဖို့ပါ။

မိမိရဲ့ အမြင်​နဲ့ ခံစားချက်​​တွေကို ​ဘေးဖယ်​ထားပြီး အချက်​အလက်​ကိုသာလျင်​ ​ပေးရမှာဖြစ်​ပါတယ်​။ အချက်​အလက်​​တွေနဲ့ အမြင်​​တွေ ​ရော​ထွေး​နေမယ်​ဆိုရင်​ သတင်းစားသုံး​တွေအ​နေနဲ့ သတင်းက​နေ တိကျတဲ့ အချက်​​တွေကို ဘယ်​​တော့မှ ရနိုင်​မှာ မဟုတ်​ပါဘူး။

သတင်းစာဆရာ​တွေအ​နေနဲ့ အ​ကြောင်းအရာကိစ္စတစ်​ရပ်​အ​ပေါ် ရပ်​တည်​ချက် ​မထားရဘူးလို့ မဆိုလိုပါဘူး။ ရပ်​တည်​ချက်​ ထားနိုင်​ပါတယ်​။ ထားလည်း ထားသင့်ပါတယ်​။ ဒါ​ပေမယ့် ဒီလိုသ​ဘောထားအမြင်​​တွေကို သတင်းနဲ့ သီးခြားထားပြီး အယ်​ဒီတာ့အာ​ဘော်​၊ သ​ဘောထားအမြင်​နဲ့ သုံးသပ်​ချက်​​တွေမှာ သီးသန့် ​ဖော်​ပြရပါမယ်​။

သတင်းစာဆရာ​တွေဟာလည်း လူသား​တွေဖြစ်​တာ​ကြောင့် ခံစားချက်​​တွေ၊ အမြင်​​တွေ ကိုယ်​စီရှိတာချည်းပါပဲ။

ပင်​ပန်းကြီးစွာ ရုန်းကန်​လှုပ်​ရှား​နေရတဲ့ ဆင်းရဲချို့တဲ့လွန်းသူ​တွေရဲ့ အခက်​အခဲ ပြဿနာ​တွေကို မြင်​​တွေ့ရပြီး စိတ်​ဆိုး​ဒေါသဖြစ်​လာတဲ့ သတင်းစာဆရာတစ်​​ယောက်​ဟာ ဒီအ​ကြောင်းကို လူအများသိ​အောင်​ တွန်းအား​ပေးရမယ်​လို့ စဉ်းစားမိသွားတတ်​တယ်​။ ဒါ​ပေမယ့် သတင်းစာဆရာဆိုတာ ကိုယ်​တိုင်​ဘယ်​​လောက်​ခံစားရပါ​စေ၊ သတင်းကို​တော့ တိတိကျကျနဲ့ မျှမျှတတပဲ ​ရေးရပါမယ်​။

လိင်​ကိစ္စအ​ကြောင်းနဲ့ ​သွေးထွက်​သံယိုမှု​တွေ အ​ကြောင်းပါလာရင်​ သတင်း​စာအ​ရောင်းစွံသလို ကြည့်ရှု့သူများတယ်​ဆိုတာ အားလုံးအသိပါ။ ဒါ​ပေမယ့် ကိုယ့်တာဝန်​က သတင်း​ရောင်း​ကောင်းရုံသက်​သက်​ မဟုတ်​ပါဘူး။ သတင်းအချက်​အလက်​​တွေကို ပြည်​သူလူထုအတွက်​ဘတာဝန်​သိသိ​ဖော်​ပြ​ပေးဖို့သာ ဖြစ်​ပါတယ်​။

လူ​တွေဟာ သူတို့ရဲ့ ပုဂ္ဂိုလ်​​ရေးကိစ္စ​တွေကို လူသိမခံဘဲ ထားပိုင်​ခွင့်ရှိပါတယ်​။ လူတစ်​​ယောက်​ရဲ့ ပုဂ္ဂိုလ်​​ရေးအတွင်းကိစ္စ​တွေကိုပဲ သတင်းစာက ​ဖော်​ပြစရာမလိုပါဘူး။ ကိုယ့်အချစ်​​ရေး၊ ကျန်းမာ​ရေးကိစ္စ​တွေကို သတင်းစာက​နေ တစ်ကမ္ဘာလုံး သိ​အောင်​ ​ကြေညာ​မောင်းခတ်​လိုက်​တယ်​ဆိုရင်​ ကိုယ်​ဘယ်​လို ခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒါ​ပေမယ့် ခြွင်းချက်​​တော့ရှိပါတယ်​။

အစိုးရဝန်​ထမ်း​တွေမှာ​တော့ ပုဂ္ဂိုလ်​​ရေးကိစ္စ​တွေကို လူသိမခံဘဲ လျိုု့ဝှက်​ထားပိုင်​ခွင့် မရှိပါဘူး။ အ​ကြောင်းက​တော့ သူတို့ဟာ ပြည်​သူ့လစာရိက္ခာကို စား​နေသူ​တွေဖြစ်​ပြီး သူတို့ရဲ့ လုပ်​​ဆောင်​ချက်​ကလည်း အများပြည်​သူအ​ပေါ်မှာ သက်​​ရောက်​မှုရှိနေလို့ပါပဲ။

ဒီ​နေ့ဒီအချိန်​မှာ​တော့ သတင်းစာဆရာ​တွေဟာလည်း အသက်​အန္တရာယ်​ခြိမ်း​ခြောက်​မှု​တွေ၊ ဖမ်းဆီးထိန်းသိမ်းခြင်း​တွနဲ့ လုပ်​ကြံသတ်​ဖြတ်​ခြင်းလည်း ခံ​နေကြရပါတယ်​။ အများစုက​တော့ ဘာအာမခံချက်​မှ ရရှိခံစားရခြင်းမရှိဘဲ သတင်းဖြစ်​ရာ​နေရာ​ဒေသ​တွေမှာ လုပ်​ကိုင်​​နေကြရတာပါ။

ဒီအ​ပေါ် ဘဝင်​မကျမှု​တွေ၊ အငြင်းပွားမှု​တွေရှိ​နေ​ပေမယ့်လည်း သတင်းစာဆရာ​ကောင်း​တွေဟာ သတ္တိရှိရှိနဲ့ လူထုဆီ သတင်းအချက်​​တွေ ​ပေးဖို့​နေကြဆဲပါ။

သတင်းစာဆရာ​တွေအတွက်​ ဒီလိုအခက်​အခဲ​တွေဟာ အမြဲရှိ​နေမှာပါပဲ။ ဒီ​နေ့အချိန်​ထိ အငြင်းပွားစရာအဖြစ်​ ဆက်​လက်​တည်​ရှိ​နေဆဲပါ။ ဒီအငြင်းပွားမှုကလည်း ဘယ်​​လောက်​ကြာဦးမယ်​မသိနိုင်​ပါ။

အ​ရေးအကြီးဆုံးက​တော့ ကိုယ့်ရဲ့အမြင်​ကို အ​လေးမ​ပေးဖို့ပါပဲ။ ကိုယ်​​ရေးသားထုတ်​လုပ်​လိုက်​တဲ့သတင်းဟာ မှားယွင်းသွားတာ ဒါမှမဟုတ်​ လူပုဂ္ဂိုလ်​တစ်​ဦးတစ်​​ယောက်​ကို ထိခိုက်​နစ်​နာ​စေတယ်​ဆိုရင်​ အဲဒါကို အသရေဖျက်​မှုလို့​ ခေါ်ပါတယ်​။

အဲဒီလိုဖြစ်​လာရင်​ ခံရတဲ့ပုဂ္ဂိုလ်​ဟာ သတင်းမှား​ရေးသူနဲ့ ​ဖော်​ပြတဲ့ သတင်းမီဒီယာကို အသ​ရေဖျက်​မှုနဲ့ တရားစွဲနိုင်​ပါတယ်​။ ဒါဟာ သတင်းစာဆရာအတွက်​​ရော မိခင်​သတင်းဌာနအတွက်​ပါ ​ကောင်းတဲ့အရာ မဟုတ်​ပါဘူး။

ကျင့်ဝတ်​နဲ့ပတ်​သတ်​တဲ့ပြဿနာပေါ်လာပြီဆိုရင်​ တစ်​​ယောက်​တည်း ကြိတ်​ရှင်းတာမျိုး မလုပ်​ပါနဲ့။ လုပ်​​ဖော်​ကိုင်​ဖက်​​တွေနဲ့ တိုင်​ပင်​ပါ။ ကိုယ့်ရဲ့ လုပ်​​ဆောင်​ချက်​က သူတစ်​ပါးအ​ပေါ် ဘယ်​လို အကျိုးသက်​​ရောက်​မလဲဆိုတာ စဉ်းစားပါ။ ဘယ်​သူ အကျိုးရှိမလဲ။ ဘယ်​သူအကျိုးယုတ်​သွားမလဲ၊ ဘယ်​သူ့မှာ အန္တရာယ်​ ရှိလာမလဲ စသည်​ဖြင့်​ပေါ့။

ဒီပြဿနာမျိုးနဲ့ ကြုံခဲ့ဖူးတဲ့ တခြားသတင်းစာဆရာ​တွေက​ရော ဘယ်​လို ​ဖြေရှင်းသွားခဲ့သလဲဆိုတာကိုလည်း ​လေ့လာပါ။

သတင်း​တွေဆိုတာ လူအများအပြားဆီ ​ရောက်​သွားပြီး အဲဒီသတင်း​တွေက လူ​တွေရဲ့ စဉ်းစား​တွေး​ခေါ်ပုံနဲ့ လုပ်​ကိုင်​​ဆောင်​ရွက်​မှု​တွေအ​ပေါ်မှာ သြဇာလွှမ်းမိုး​နေတာမှိ့ သတင်းစာဆရာ​တွေရဲ့တာဝန်​ဟာ သိပ်​ကြီးပါတယ်​။ ဒါ​ကြောင့် သတင်းစာပညာဆိုတာဟာ ပြည်​သူ့ဝန်​​ဆောင်​မှုအတွက်​ အင်​မတန်​သြဇာကြီးတဲ့ လက်​နက်​ကိရိယာတစ်​ခုလို့​တောင်​ ဆိုနိုင်​ပါတယ်​။

ဒီ​တော့ ဒီသြဇာနဲ့အတူ တာဝန်​ဝတ္တရား​တွေလည်းပါလာပါ​တော့တယ်​။ တာဝန်​​တွေက​တော့ ​ဖြောင့်မတ်​ရမယ်​။ အမှီခိုကင်းရမယ်​။ မျှတမှုရှိရမယ်​ ဆိုတာ​တွေပါပဲ။

သတင်းစာဆရာ​တွေ ကျင့်ဝတ်​မထိန်းဘူးဆိုရင်​​တော့ လူအ​မြောက်​အမြားကို ထိခိုက်​နစ်​နာ​စေမှာသာ ဖြစ်​ပါတယ်​။ သူတို့ရဲ့ သတင်း​အရင်းအမြစ်​၊ သူတို့ရဲ့ သတင်းဌာန၊ သူတို့ရဲ့ ပရိတ်​သတ်​သာမက အဆုံးမှာ လူ့အဖွဲ့အစည်းကြီးတစ်​ခုလုံးကိုပါ ထိခိုက်​နစ်​နာ​စေတတ်​ပါတယ်​။

ဗညားဦး – ရေးသည်။

ကိုးကား။ ။ထင်အောင်ကျော် ဘာသာပြန်ပြီး ပီတာအဲန်းနှင့် ဂျက်​ဖ်​​ဟော့ဒ်​ဆင်​ တို့ ရေးသားသည့် သတင်းလိုက်​ခြင်းနှင့် သတင်း​ရေးသားခြင်း အ​ခြေခံလက်​စွဲ။

စာရေးသူသည် ရန်ကုန်မီဒီယာ၊ နိုင်ငံရေးဂျာနယ်၊ အဆာဟိရှင်ဘွန်း စသည့် သတင်းဌာနများတွင် သတင်းသမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိလည်း အလွတ်တန်းသတင်းစာဆရာတစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *